တိမ်ခိုးတိမ်လွှာရယ်ကင်း လသီတင်းကျော်တော့
ရာသီလီပြောင်း ဆောင်းလေဦးသော့ရွှင်ရွှင်
နှင်းနုရည်သွန်း ဝန်းကျင်ဝယ် ခိုးလှိုက်လှိုက်အုံ
မြင်ကွင်းကယ်မှုန်မှုန်နှင့် အေးစိမ့်အောင်ချမ်းလိုက်ပုံများ
စာချိုးသူခိုက်ခိုက်တုန် ရှေးဘွဲ့ရှင် ဖွဲ့မှန် လိုက်လေခြင်း
မေးရိုက်သံဂတ်ဂတ်ကဝန်ခံ
မန်းဆောင်းဦးညကယ်နှင့်
နိုးမနက်မှာ ကိုယ်သန့်ရေအသုံး ဆွေ့ဆွေ့ခုန် သွေးနွေးရတယ်
တပြည်သားဒီမောင့်နှယ် ကျတာဝန်ပြည့်ခါတော့
နေ့မကူးအပြေးသော့မယ် ရပ်ဟောင်း ရွာဟောင်း
ဗိန်းမေါင်းသံလောင်းလိုက်ပါတော့လေး.........
ခင်ကညာ ဆွေသဟာတို့ နွေးအောင်ဆောင်စမ်း
အညာစောင်ကြမ်းနဲ့ ဂွမ်းအိပ်ရာထူထူ
အညာရာသီ ကြမ်းခါမှာ ဒါမှအရိုးမကွဲမို့ ဆောင်စမ်းတော့ စောင်ကြမ်း
သို့ဂလိုကြောင့် အထင်မသေးစေချင့် တို့များရွှေဂုန်ရာသီညီ
ယှဉ်တွဲတွေးမှားပေမည့် မန်းဆောင်းရာသီ
ကြောက်မိသူ တရွာသားအဖြစ်ကား
ရွှေမန်းသူပျိုဖြူများ လက်တို့ရယ်မောကြလေတကား......
မောင်ဘကြိုင်
(မန်းဆောင်းတစ်ညခံစားချက်)
13 comments:
ကဗျာလေး ကောင်းလိုက်တာ။ အဲ့လိုကဗျာမျိုးက တော်ရုံမရေးကြတော့ဘူး။ ဖတ်ရခဲတယ်။ ခံစားသွားတယ်ဗျို့ :D :D
ကဗျာကို လာခံစားသွားတယ်ဗျို့ ...
လက်ဝဲဘကြိုင်..
သူ့ကဗျာဖတ်ပြီး လူလဲ နှစ်တစ်ရာ နှစ်ရာလောက် ပိုငယ်သွားသလား အောက်မေ့ရတယ်။း)
အချုပ်တန်း ဆရာဖေ မဟုတ်ဘူး အချုပ်တန်းဆရာကြိုင်နော်..ကဗျာကောင်းလေး ခံစားသွားပါ၏ ဖတ်ရင်နဲ့ ချမ်းလာလို့  ဖက်လိုက်အုံးမယ် ဖက်လုံးးးးးးး
မောင်ဘကြိုင်ရဲ့ 'ရွှေမန်းဆောင်း' ကိုဖတ်ပြီး
ကိုယ်တိုင်ကတော့ ရာသီဥတုညီမျှတဲ့နေရာမှာနေပြီး
တီတင့်ရဲ့ အိမ်ဦးသခင်တစ်ယောက်
မောင်ဘကြိုင်နည်းတူ ခံစားနေရပါလားလို့ သနားမိပါရဲ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အချုပ်တန်းဆရာကြိုင်ဆိုပါလားဟရို့
နာမန့်ထားတာဘယ်ရောက်တွားဘာလိမ့်နော်း(
ဂလောက်တောင် ချမ်းလား ကိုဘကြိုင် ရဲ့ ဟား...ဟား ဒါ အကင်းဘဲ ရှိသေးတယ်
ကဗျာလည်းကောင်း ကွန်မန့်တွေလဲ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဖတ်လို့ အတော်ကောင်းပဲ ..အကို....:):)
ဘလော့ဂါမပြောရဘူး ဆောင်းကိုလဲ လှလှပပဖွဲ့သီနိုင်သေးတယ်..။
ရန်ကုန်သားဖွဲ့တဲ့ မန်းတလေးဆောင်းရာသီအလွမ်းက မန်းတလေးသားတောင် မျက်လုံးပြူးသွားတယ်... နေပါများတော့လည်း စိမ့်နေအောင် ချမ်းမှကို နေတတ်တော့တယ်... မိုးကုတ်မှာ ချမ်းတာက အနွေးထည် ၀တ်ထားရင်နွေးသေးတယ်.. မန်းလေးချမ်းတာက အနွေးထည်ဝတ်လည်း စိမ့်နေတာပဲ.... ခုဆို မိုးရွာနေတော့ အရိုးကွဲအောင် ချမ်းလိုက်ပုံများ.. ပြောကုန်နိုင်ဘု
ခင်မင်စွာဖြင့်
နောင်တော် ရေ .. ကောင်းလှ ကြီလား ဗျာ ...
ညီလေးရေ
ရွှေမန်းဆောင်းတော့မမှတ်မိပါဘူးကွာ ရှမ်းပြည်ဆောင်းကိုတော့လွမ်းတယ်
အကိုညီကအရေးကောင်းပဲ
မအားလို့လာတာနောက်ကျနေပြီနော်
အချုပ်တန်းဆရာကြိုင်ဆိုပါလား
စာရေးကောင်းတော့ဖတ်ရင်းတောင်ချမ်းလာတယ်
Post a Comment