ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Friday, December 30, 2011

ဆောင်းဒီဇင်ဘာ



ငယ်ငယ်တုန်းကတော့ ခရစ္စမတ်နေ့ဆိုရင် ပျော်တယ်။ ပျော်ဆိုဒီဇင်ဘာလ ကျောင်းပိတ်ရက်များတာကိုး။ အဲ...ဒီနှစ်တော့ပျော်ဖူးဗျာ့။မပျော်ဖူးဆိုတာကတနင်္ဂနွေရုံးပိတ်ရက်နဲ့ခရစ္စမတ်နေ့ထပ်သွားလို့လေ။ နိုင်ငံခြား
မှာဆို အစားထိုးပိတ်ရက်ရတော့ အဆင်ကိုပြေလို့လေ။ အဲ...မြန်မာပြည်မှာတော့ရောချလိုက်ရော။ အမှန်က အစား ထိုးပိတ်ရက်ရှိရမှာ။ ရှိသင့်တယ်ထင်တယ်။ buddhists များတဲ့ မြန်မာပြည်မှာ တခြားဘာသာဝင်တွေကိုလေးစားမှုပြတဲ့အနေနဲ့ဖြစ်ဖြစ်တနင်္ဂနွေအလုပ်သမားပိတ်ရက်နဲ့ရက်ကြီးခါကြီးပိတ်
ရက်ထပ်လို့ပဲဖြစ်ဖြစ် အစား ထိုးပိတ်ရက်ပေးသင့်တယ် ထင်တယ်။ တနှစ်ပတ်လုံး အလုပ်တာဝန်တွေနဲ့ ချာရမ်းနေတဲ့ ဝန်ထမ်းလုပ်သားတွေ အတွက် ပိုနားချိန်ရလာတာပေါ့။

ငယ်ငယ်က  ခရစ္စမတ်နေ့မတိုင်ခင်   အိမ်ရှေ့မှာ    ခရစ်ယာန်ဘာသာဝင်တွေဂီတာတွေနဲ့
သီချင်းတွေလာဆိုကြရင်အိပ်နေရင်းနားထောင်ပြီးပျော်တယ်။ 

ဒီအိမ်ပေါ်မှာကောင်းခြင်းမင်္ဂလာရောက်စေသော် ဆိုတဲ့သီချင်းစာသားကို အရမ်းသဘောကျတယ်။ ခရစ္စမတ်နေ့နဲ့ ဒီဇင်ဘာလအကုန် နှစ်သစ်ကူးအပြောင်း ဒီဇင်ဘာ၃၁ရက်နေ့ ညကို သဘောကျတယ်။ အကူးပြောင်းကာလအချိန်ပေါ့။ ငယ်ငယ်က နားထောင်ဖြစ်တဲ့ ဘိုဘိုနဲ့ ညီပုလေး တွဲဆိုထား တဲ့၃၁ဒီဇင်ဘာလမ်းထဲသန်းယံအိပ်မက်များနဲ့နှစ်ကူးတော့မယ်ဆိုတဲ့သီချင်းလေးကိုအခုချိန်ထိဆိုညဉ်းဖြစ်
တုန်း။

အချိန်မှာတော့ တနှစ်ကုန်ပြီး နှစ်သစ်လာတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုအသက်တစ်နှစ်ကြီးလာပြီမှန်း သတိပို ထားမိလာတယ်။ ကိုယ့်မွေးလက ၉လပိုင်းစက်တင်ဘာဆိုတော့နှစ် ကုန်ခါနီးကိုး။ ဘာလိုလိုနဲ့မောင်ဘကြိုင်လည်း၃၀နှစ်ထဲဗြောင်ဗြောင်တင်းတင်းကြီးကိုချဉ်းနှင်းဝင်ရောက်လာပြီကောလာ
နော်။ နောက်ပေါက် ခလေးတွေကတော့ လူပျိုကြီးခေါ်ကြတော့တာပေါ့။ ဝဋ်လည်တယ်ပဲ မှတ်ပါတယ်။ ကိုယ်လည်းငယ်ငယ်က လူပျိုကြီး အပျိုကြီးတွေကို အားပါးတရခေါ်ခဲ့တာလား။ ၂၀၁၃ လောက်မှာတော့ စွံ့ကောင်းပါရဲ့။ 

မိဘသဘောကျတဲ့သူကျတော့လည်းကိုယ်ကအီးအဲလုပ်ကိုယ်တိုင်ကျတော့လည်း ဖြစ်ဖြစ်မြောက်မြောက်မ
ရှာနိုင်။ အမေကတော့ ဖရဲသီးအချိုပေါ့မယ်တဲ့။ ဆိုလိုတာက အမှည့်လွန်မယ်ပေါ့။ ထပ်ပြောသေးတယ် နောက်ကားကျော်တက်တတ်တဲ့ အမျိုးတဲ့။ အစဉ်လာရှိလို့ပြောတာပါတဲ့။
ကိုယ့်ဟာကိုယ်ရှာမယ် စိတ်ချပါပြောတော့လည်းပြပြဓာတ်ပုံပြတဲ့။ အဲဒါနဲ့ နားထောင်နေကြ ဗဒင်သီချင်းစာ သားလေးညဉ်းပြလိုက်တယ်။ ကြိုးစားဆဲပါပေါ့။ ဒီဇင်ဘာအအေးဒဏ်ကို အတော်ကြောက်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းရန်ကုန်ဆောင်းကသိပ်မအေးတော့ပါဖူး။ 

မန်းလေးနဲ့နေပြည်တော်ကတော့အေးစိမ့်နေရောပဲ။ဒါပေမယ့်ငယ်စဉ်ကလိုအရမ်းမအေးတော့တာတော့
သေချာတယ်။ မြောက်လေမြူးချိန်ဆို အရင်တုန်းက မောင်ဘကြိုင် နှုတ်ခမ်းတွေတယ်ခြောက်တတ်တာ။ အစပ်ဟပ်လည်းမစားနိုင်ဖူး။အခုတော့နေရထိုင်ရတယ် မဆိုးပါဖူး။ ဟိုးနှစ်က တောင်ကြီးရောက်သေးတယ် တစ်လပိုင်းကုန်လောက်ထင်ရဲ့။တစ်ပတ်ပြည့်ဖူးပြန်ပြေးခဲ့ရတယ်။ အေးချက်များ နေ့လည်၁နာရီ ရေချိုးတာ
တောင် ခိုက်ခိုက်တုန်နေတာမျိုး။နှုတ်ခမ်းတွေခြောက်ကပ်ပြီး ကွဲတာများ ပြုံးတောင်ပြုံးနိုင်ဖူးလေ။ ကိုယ်ကမင်းသားဆိုတော့ကောင်မလေးတွေကတွေ့ရင်ပြုံးပြုံးပြနဲ့ ကိုယ် ကပြန်ပြုံးပြရတာကိုး (ယုံချင်ယုံ မယုံချင်နေ)။တောင်ကြီးရောက်တော့ မပြုံးနိုင်ဖူးလေ။ တညလည်းဖျား သွားသေးတယ်။ အခုလည်း ဒီဇင်ဘာ....... ဒီဇင်ဘာလမှာ ဘာများထွေထူးခံစားရသလဲ ပြန်တွေးမိတယ်။ 
ရေးရေးတော့ပေါ်ပါရဲ့။ တခုသောနှစ်မှာ ဒီဇင်ဘာလကုန်ပြီး နောက်တနှစ်အကူး နယူးရီးယားနေ့မှာ masလေကြောင်းလိုင်းနဲ့ဗီဇာမကုန်ခင်မြန်မာပြည်ပြန်ပြေးလာခဲ့ဖူးတယ်။ပတ်စပို့စ်လက်ထဲကိုင်ခွင့်ပေးထား
တဲ့ သူဌေးကတော့ သြချနေရဲ့။ မပြောမဆိုနဲ့လေယဉ်လက်မှတ်ဝယ်ပြီးပြန်ချလာတာ။ရောဂါကတော့ ထားဖူးတဲ့ ချစ်သူကိုတွေ့ဖို့။ မနက်ထွက်လာပြီးနေ့လည်လောက်ရောက်တယ်။ အိမ်ပြန်ရောက်တော့နေ့ခင်း ၂နာရီ လောက် အိမ်မှာခဏနားပြီး ညနေ ၅နာရီလောက် ရွှေတိဂုံဘုရားအရောက်သွားခဲ့တယ်။ ချိန်းထားတာကိုး။ 

ဟူးးပြန်နွေးချင်တော့တဲ့ လွမ်းဇတ်ကြီးပါ။ရောသောပေါသော လွမ်းကုန်ကြမှာစိုးလို့ရေးတော့ပါဖူးလေ။ သူလည်း မိဘပေးစားတဲ့သူနဲ့ အိမ်ထောင်ကျပြီး သမီးတစ်ယောက်တောင်မွေးခဲ့ပြီတဲ့။ သူငယ်ချင်းတွေက သတင်းပို့ရှာ တယ်။ ထားပါတော့ ဒါက ဒီဇင်ဘာနဲ့တိုက်ဆိုင်လို့ ပေါ်လာတဲ့ အတိတ်ရွှေအိုးဆိုပါတော့။ အခုတော့ သူလည်း သူ့လမ်း ကိုယ်လည်းကိုယ့်လမ်းပဲလေ။ လူတိုင်းမှာရှိတဲ့ရွေးချယ်မှုအတွက် နားလည်တတ်အောင်ကြိုးစားခဲ့ပါ တယ်။
အင်း....နောက်ထပ်ထူးတာတခုက ဒီဇင်ဘာရောက်လာတော့ ပိုပြီးစိတ်လှုပ်ရှားတယ်။ ၁လပိုင်း ဒုတိယအပတ်မှာbonusရမှာမို့ပါ။ကုမ္မဏီကအရင်နှစ်တွေထက်ပိုပြီးပျော်စေရမယ်ဆိုထားတော့
မောင်ဘကြိုင်အပါအဝင် ဝန်ထမ်းတိုင်းကမျှော်တော်ယောင်ပေါ့လေ။လောလောဆယ် ဒီဇင်ဘာနဲ့ ခံစားရသမျှ ဒါလောက်ပါပဲ။တဂ် အစ်မ နမ်းမဝနဲ့ သမန်စီး သမီးစံတို့၊ ဘလော့ဂါသူငယ်ချင်းအပေါင်းတို့  ၂၀၁၂မင်္ဂလာနှစ်ဖြစ်ကြပါစေ။နိုင်ငံရဲ့ကောင်းသောပြောင်းလဲခြင်းတွေနဲ့အတူအစစအရာရာလိုရာပြည့်ကြ
ပါစေ...............


ဖြေကြည့်မိတယ်
♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
အထက်မှာဆိုခဲ့သလိုပါပဲ နောက်လမှာရမယ့် ဆုကြေးငွေကြောင့် နီးပြီ နီးပြီဆိုပြီး စိတ်လှုပ်ရှားရင်ခုန်မိပါ တယ်။

♥ ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။
ဟအင်း.... ခါမှ အလှဆင်ဖူးဝူး 
♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။
နှင်းတွေအေးခဲနေတဲ့နေရာကိုတော့ခဏတဖြုတ်သွားလည်ချင်တယ်။ တစ်ယောက်တည်းတော့ဟုတ်ဖူးလေ။ ဘဝအဖော်ကြင်နာသူလေးနဲ့။ အနွေးထည်ကိုယ်စီဝတ်ပြီး စတိုင်ထုတ်ဓတ်ပုံရိုက်ချင်တယ်း)
♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။
ဒီနှစ် ခရစ္စမတ်နေ့ကိုတော့ တနင်္ဂနွေပိတ်ရက်နဲ့ပေါင်းပြီး အဆောင်မှာ အဝတ်တွေလျှော်တယ်။ မီးပူတိုက်တယ်။ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ ဘယ်မှမလည်ဖြစ်ပေါင်။
♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။
ဘာမှပေးဖြစ်ဖူး။ အဲ....ကောင်မလေးတစ်ယောက်ကိုတော့ အမေနေ့ကဗျာစာအုပ် လက်ဆောင်ပေးဖြစ်တယ်။ ဘူလဲဆိုတာ မေးနဲ့။
♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။
ဘာမှမရှိခဲ့ပါဖူး။ ထွေထူး။း)
♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
မေးနေစရာလိုသေးလားဗျာ။ ဟိဟိ ကန်မလေးအိမ်သွားလည်ချင်တယ်။
♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
အင်း........... ရှိဖူးတယ်။ မလေးရှားမာဒေးကားကွင်းမှာ မီးရှုးမီးပန်းတွေနဲ့ ကွန့်ဆက်ရှိုးနဲ့ ပျော်စရာကြီး။ လူတွေအတန်းစားမရွေး ရောထိုင်ကြပြီး သီချင်းအလိုက်ကသူကနဲ့ စည်းကမ်းတကျရှိကြတာ။ ပြီးတော့ ကိုယ်နေရပ်ရွာနဲ့ ကွာပြီး ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်နိုင်ငံက တာဝန်ရှိသူဆိုသူတွေကို စိတ်နာမိတယ်။ မျက်ရည်လည်းဝဲဖူးတယ်။နောက်နှစ်တွေမှာ မာဒေးကားကွင်း နယူးရီးယားပွဲသွားမနွှဲတော့ဖူး။ သူတို့ပြည်သူတွေကို သဝန်တိုသလိုဖြစ်မိလို့။ အခန်းထဲအောင်းပြီး တီဗွီကကြည့်ဖြစ်တယ်။ ကိုယ့်နိုင်ငံမှာလည်း အထင်ကရပျော်ပွဲရွှင်ပွဲတေါလုပ်ပေးစေချင်တယ်။ လုပ်ပေးရင် နွှဲပျော်မယ့် ကိုယ့်မြန်မာလူမျိုးတွေကိုလည်း စည်းစနစ်ရှိတဲ့ နိုင်ငံကြီးသားပီသစေချင်တယ်။

♥နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။
ကိုယ့်မိသားစုနဲ့ ကိုယ့်ချစ်သူရဲ့မိသားစုနဲ့ နောက်ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ အတူ အဆင်ပြေမယ့် နေရာမှာ အတူရှိနေချင်တယ်။ စကားတွေ ရေပက်မဝင်ပြောချင်တယ်း)

♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ။
ထွေထူးဘာမှမရှိဖူးး)
♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
အရင်က ....ငယ်စဉ်က ပျော်တယ်။ အခုအသက်တနှစ်ကြီးလာလို့ တနှစ်မကုန်စေချင်ဖူးဝူးးးးးးးးး
♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။
တကူးတကမရှိဖူး။တိုက်ဆိုင်လို့တွေ့ရင်တော့နှုတ်ခွန်းဆက်ဖြစ်ပါတယ်။ နှစ်သစ်မဟုတ်ပဲ နေ့တိုင်းတွေ့နေရ တဲ့ ကိုယ့်မြန်မာလူမျိုးအချင်းချင်းမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ချင်မိတယ်။ ဘာကြောင်တာလဲ ထင်တတ်ကြလွန်းလို့ နှုတ်ဆွံ့အမိတယ်။ ဒါပေမယ့် မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လေ့ကျင့်နေတယ်။ 

တဂ်တဲ့သူတွေတော့ စိတ်ညစ်လောက်ပြီ တဂ်ပို့စ်ဆိုရင် မောင်ဘကြိုင်တို့ကအဲလိုပါပဲ လမ်းကြောင်းချော် ထွက်သွားတတ်တယ်လေး)

ကျေးဇူးတင်ပါတယ်
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ

မောင်ဘကြိုင်

14 comments:

မောင်(စွယ်စုံကျမ်း) said...

ကိုကြီးဘ တို့ ကတော့ ရေးတတ်ပဗျာ တုကောင်မလေးကို အမေစာအုပ်ပေးစရာလား
တရားပေါက်ပြီး သီလရှင်ဝတ်သွားမှ
တစ်သက်လုံး လူပိုကြီးဖြစ်..အဲ မှးလို့ လူပျိုကြီး
ဖြစ်နေပါ့မယ်..ဒီတစ်ခါ နောက်ဆုံးကျည်ဆံနော်
မှန်အောင်သာပစ် တည့်တည့်သာပစ်..ဟဲဟဲ မြှောက်ပေးတာ လူပျိုကြီးကို


ခင်မင်စွာဖြင့်....မောင်(စွယ်စုံကျမ်း)

Candy said...

လူပျိုကြီး မောင်ဘကြိုင်လို့ ခေါ်လို့ရနေပြီပေါ့.. ဟီး..
ရေးထားတာလေးက စိတ်ဝင်စားစရာ :D :D

Angelhlaing(May everybody be happy and healthy! said...

သူများတွေ ခေါ်နေပြီ အကို ..အားကျမခံ ကြိုးစား ပြလိုက်စမ်းပါ အကိုရ....:P:P
ံပျော်ရွင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေအကိုရေ..

သိင်္ဂါကျော် said...

Happy New Year!!

မဒမ်ကိုး said...

အမှန်တော့ကြော်ညာဝင်သွားတား)

မဒိုးကန်

ကိုကိုမောင်(ပန်းရနံ့) said...

အော်.. ဘာလိုလိုနဲ့ မောင်ဘကြိုင်တောင် ကလေးတစ်ယောက် ရနေပြီကိုး။။။ အဲလေ ယောင်လို့ အဆက်ဟောင်းတောင် ဂလို ဖြစ်နေပြီကိုး။ မောင်ဘကြိုင်တစ်ယောက် ရွာပတ်ပြီး အရပ်ကူပါ လုပ်ပေမဲ့လဲ ၂၀၁၃ ထိ ဒုံးရင်းဘဲ ဖြစ်ဖို့ များပါတယ်။း)

နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

ဟန်ကြည် said...

ဘောနပ်စ်ရရင် ဘီယာနှစ်ဂါလံဝယ်တိုက်ပါ...နှစ်သစ်မှာ လူပြိုကြီးဘ၀ကလွတ်အောင် အင်တိုင်အားတိုက် ဆုတောင်းပေးဖို့ အာမခံပါသည်...

မောင်ဘုန်း said...

နောင်တော် ... ၂၀၁၃ ... မှာ တကယ် ကြီး ကျွတ်ပြီပေါ့နော် ... (ပုဆိုး) ... အဟီး ...

ပျော်ရွှင်စွာဖြင့် ချစ်သောသူ နှင့် နှစ်ကူး နိုင်ပါစေ .. နောင်တော် ....

စိတ်၏ဖြေရာ said...

ကိုဘကြိုင်ကြီးနှစ်သစ်မှာ...
ဘောနပ်တွေအများကြီးရပါစေ။
အမြန်ဆုံးလူပျိုကြီးဘ၀ကလွတ်ပါစေ။
ကျန်းမာချမ်းသာပါစေ။
လိုအင်ဆန္နမှန်သမျှပြည့်ဝပါစေ။

Anonymous said...

အန်ကယ်..ဘယ်ဒူလဲဆိုတာ
မမေးနဲ့ဆိုလို့.မမေးတော့ဘူးနော်
စားရမှာတော့.သေချာတယ်မို့လားး)
သတိတရနဲ့တဂ်ပို့လေးရေးပေးလို့
ကျေးဇူးတင်တဲ့အနေနဲ့ဆုတောင်းပေးတယ်နော်
“လူပျိုကြီးဘ၀ကမြန်မြန်ကျွတ်ပါစေ” :P
နှစ်သစ်ကို..လူသစ်.စိတ်သစ်
(ကန်မလေးကတော့.အဟောင်းပေါ့နော်း)
ပျော်ရွှင်မှုအသစ်ပေါင်းများစွာနဲ့
စိတ်အေးချမ်းသာစွာ..ဖြတ်သန်းနိုင်ပါစေရှင်

ခင်မင်လေးစားလျှက်
မိစံ

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မောင်ဘကြိုင်ရေ။

မေတ္တာဖြင့်
အန်တီတင့်

နှင်းနုလွင် said...

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ....

Mae Coe said...

Happy New Year !
wish u all the best :)

Mae Coe

ကြိုးကြာနီ said...

Youth magazine မှာ မောင်ဘကြိုင်ရေးတဲ့ စာကိုဖတ်လိုက်ရတယ်။ကြိုက်ပါတယ်။ သဘောတားချင်းတိုက်ဆိုင်တယ်။