ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Saturday, December 17, 2011

ကျောက်ဖြူခရီး(၁)

ပါဒါန်းမြို့အကျော် ဆင်ခေါင်းရွာနားက အိန္ဒယလုပ်ငန်းစုရဲ့  ပိုက်လုံးချထားရာနေရာ


ကျောက်ဖြူခရီး




နေပြည်တော်မှ၂၄ရက်နေ့နေ့လည်ပိုင်းခရီးစထွက်ဖြစ်ခဲ့သည်။ မိမိနှင့်အတူ ခရီးသွားဖော် သုံးဦးစုစုပေါင်း လေးဦး surfကားဖြင့် နေပြည်တော်မန္တလေးအမြန်လမ်းတလျှောက်၁၉မိုင်နဲ့၆ဖာလုံခန့်မောင်းနှင်ခဲ့ကာ ချောင်းနက်ကံပြားလမ်းဆုံမှ နေပြည်ေ
တာ် -ကံပြားလမ်းအတိုင်း မကွေးသို့ ၇၉မိုင်ခန့် ခရီးနှင်ခဲ့ကြသည်။ ကံပြား ရေနံချောင်းလမ်းဆုံမှ နောက်ထပ်မကွေးမြို့သို့ ၈မိုင် ထိုနောက် မင်းဘူးတဖက်ကမ်းသို့ကူးကာ မင်းဘူးတည်းခိုခန်းတွင် တစ်ညတာတည်းခိုကြသည်။ နောက်နေ့ ၂၅ရက် နံနက် ၉နာရီခန့်တွင် မင်းဘူးမှ ပဒါန်းသို့ ဆက်ခရီးဆက်ခဲ့ပြီး ပါဒန်းမှ နတ်ရေကန်တောင်တက်လမ်းအတိုင်း (မင်းဘူး-အမ်းနတ်ရေကန်ရှောင်ကွင်းလမ်း ၂၂မိုင်ကျော်ကျော်ကို ရှောင်ပြီး) ခရီးဆက်ကြသည်။  နတ်ရေကန်တောင်သည် ရခိုင်ရိုးမတလျှောက် အတက်အဆင်း အလွန်မတ်စောက်သောတောင်ဖြစ်သည်။ နတ်ရေကန်တောင်တက်လမ်းသည် ၁၄မိုင်ခန့်ရှိသမျှရှောင်ကွင်းလမ်းထက် ၈မိုင်သက်သာပါသည်။ အတက်ဆင်းကြမ်းလွန်းသောကြောင့် ကားငယ်များသာသွားလာရန် သင့်တော်သောလမ်းဖြစ်ပေသည်။ နတ်ရေကန်တောင် အမ်းဘက်အဆင်းတွင် ခတ္တခဏနားပြီးနေ့လည်စာစားဖြစ်ကြသည်။ ကားကိုအနားပေးရင်း ဆက်ခရီးဆက်ရန် တာစူချိန်တွင်ဆောက်လုပ်ရေးဝန်ကြီးဌာနာ (သို့) လမ်းပန်းဆက်သွယ်ရေးတခုခုဖြစ်မည့် အဖွဲ့တစ်ဖွဲ့ ကားလေးစီးဖြစ်ရောက်ရှိလာကြသည်။ ကိုးရီးယား လေးငါးခြောက်ယောက်ပါလာပြီး ဓတ်ငွေ့လိုင်းဖြတ်သန်းရာ လမ်းကြောင်းကြည့်ကြခြင်းဖြစ်သည်ဟု သိရပါသည်။ အနည်းငယ်စပ်စုကြည့်သောအခါ မိုင်တိုင် ၆၁အထိသာ လိုက်လံပြသမည်ဟု သိရသည်။လမ်းကြမ်းများရှေ့တွင်ရှိသေးသော်လည်းကောင်းသောလမ်းပိုင်းလောက်သာပြသွားတော့မည်ဟု တစ်ယောက်ကဆိုခဲ့သည်။ သဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ပိုက်လိုင်းဖြတ်သန်းမည့် လမ်းအူကြောင်းကို အရှိအတိုင်း လက်တွေ့ပြသသင့်သည်ဟုထင်မြင်မိသည်။ ပြည်နယ်ခြားဆိုင်းဘုတ်နားအရောက် အမှတ်တရဓတ်ပုံရိုက်ဖြစ်ကြသည်။

၎င်းတို့အဖွဲ့ ကိုစနည်းနာပြီး စာရေးသူတို့ခရီးရှေ့ဆက်ခဲ့ကြသည်။ အမ်းမြို့သို့ညနေ ၃နာရီခွဲခန့်တွင်ရောက်ရှိခဲ့ကြသည်။ အနည်းဆုံးပြန်ရေတွက်ကြည့်လျှင် ၇ ခေါက် ၈ကျော်ခန့်အသွားအပြန် လုပ်ဖူးသော လမ်းကြောင်းမို့ ခက်ခဲကြမ်းတမ်းသော အတက်အဆင်းတို့သည် စာရေးသူတို့အဖွဲ့အတွက် ခက်ခက်ခဲခဲမဟုတ်တော့ပေ။ သို့ကြောင့် အရင်အခေါက်ခါများထက် ခရီးတွင်လှသည်။ အမ်းမြို့ရောက်တော့ မိမိတို့သွားချင်သော ကျောက်ဖြူမြို့ထိ မိုင်အကွာအဝေးနှင့် အချိန်တွက်ကြည့်သည်။ ခရီးသွားဖော်အားလုံး တညီတညွတ် အမ်းမှ မအီမြို့သို့ ခရီးဆက်ပြီး မအီတွင် တညတာတည်းမည်ဟုဆုံးဖြတ်ခဲ့ကြသည်။ မအီသို့ ၄၄ မိုင်ထပ်မံမောင်းနှင်ကြပြီး မအီမြို့ထဲတွင်တည်းခိုရန်နေရာ ရှာကြသည်။ ည၇ခွဲခန့်တွင် နှစ်ခုတည်းရှိသော မအီမြို့တည်းခိုခန်း (အိမ်) အခြေနေကြောင့် ည ၉နာရီ ကားမမောင်းရကုမ္မဏီစည်းကမ်းကို ချိုးဖောက်ပြီး ကျောက်ဖြူမြို့သို့ ဆက်ခရီးဆက်ဖြစ်ခဲ့ကြသည်။ ၇၃မိုင်ခန့်မောင်းနှင်ခဲ့ရပြီး ၂၆ရက်နေ့  မနက်၂နာရီတွင် ကျောက်ဖြူမြို့သို့ ရောက်ရှိခဲ့ပါသည်။ မအီမြို့နှင့် ပတ်ဝန်းကျင်အနေထားတို့အား ညအချိန်ဖြစ်၍ မှတ်တမ်းမတင်နိုင်ခဲ့ပေ။
ကျောက်ဖြူမြို့သို့ မနက်၂နာရီရောက်တော့ မြို့တပတ်လှည့် တည်းခိုရန်နေရာရှာကြသည်။ အခန်းပြည့်နေသည်ဆိုသည့် အဖြေသာရရှိခဲ့ကြသည်။

ဟော်တယ်များကိုလိုက်စုံစမ်းသောအခါတွင်လည်း စီမံကိန်းမှ ကိုးရီးယား၊အိန္ဒယတို့ပြည့်နှက်နေ၍ အခန်းလွတ်မရှိဖြစ်နေသည်။ နောက်ဆုံး ဗာရာဏသီဟော်တယ်ရောက်သောအခါ စာရေးသူတို့လေးယောက်အတွက် တခုတည်းသော အခန်းလွတ်ရှိနေသည်။ အခန်းမှာကား နှစ်ယောက်ခန်းဖြစ်ပေသည်။ နှစ်ယောက်ခန်းကို လေးယောက် ထား၍ မဖြစ်ကြောင်း ဗာရာဏီသီဟော်တယ်တာဝန်ခံ ကျောက်ဖြူသူလေး မသီတာမှဆိုသောအခါ စာရေးသူအခက်တွေ့ရသည်။ ခရီးသွားဖော် သုံးယောက်ကား ကားထဲတွင် အိပ်ပျော်နေကြသည်။ မသီတာကိုတညတော့ လေးယောက်ဖြစ်သလိုနေပါမည်ဟု ဆို၍ မနက်လင်းလျှင် ရရာဟော်တယ်(သို့)တည်းခိုခန်းတွင် အခန်းရှာပါမည်ဟု ကတိပေးရသည်။

စာရေးသူတို့ အခန်းရှာရင်း မိုးလင်းရမည့်အဖြစ်ကို သနားရှာသော လူနဲ့လိုက်အောင် မနောဖြူသူမသီတာမှ ဒီတညတော့ အဆင်ပြေသလိုနေဆိုပြီးနောက်ဆုံးကျန်ရှိသောအခန်းတွင်တည်းခိုခွင့်ပြုလေသည်။ ကျောက်ဖြူမြို့တမြို့လုံးမှာရှိသော ဟော်တယ်
များ အခန်းပြည့်တွေချည်းဟု သတင်းပေးရှာသည်။ မသီတာကောင်းမှုကြောင့် မနက်၉နာရီထိ အိပ်ရာနှင့် အိပ်ခဲ့ရသည်။ မနက်စာကို ဗာရာဏသီဟော်တယ်စားသောက်ခန်းတွင် မသီတာဖျော်ပေးသော ကော်ဖီနှင့် ထမင်းကြော် သုံးဆောင်ခဲ့သည်။ ထိုနောက် မြို့ထဲပြေးလွှားရင်း တခြားဟော်တယ်ရှာကြသည်။ ကံကောင်းကြသော စာရေးသူတို့အတွက် ရတနာပုံရှိနေသည်။ အခန်းနှစ်ခန်းရ၍ ဗာရာဏသီမှ အခန်းတခန်းကိုပြန်အပ်ခဲ့ကြသည်။ မသီတာမှ နောက်ဆို အရင်ဖုန်းဆက်ချိတ်ဆက်ရန် အကြံပြုသည်။ ကျေးဇူးတင်စကားပြောပြီး နာမည်မေးသောအခါ သီတာဟုဖြေသည်။ အချင်းချင်းမိတ်ဆက်ရင်း ရခိုင်လူမျိုးဟုတ်ရဲ့လားမေးမြန်းဖြစ်ကြသည်။ ကျောက်ဖြူသူဖြစ်ကြောင်း မသီတာဆိုမှ မသီတာအရမ်းလှပါသည်ဟု စာရေးသူပြောဖြစ်ခဲ့ပါသည်။ ခရီးသွားဖော်သုံးယောက်မှ တညီတညွတ်ထောက်ခံသောအခါ မသီတာနှင့် အခြားဝန်ထမ်းများရယ်ပြုံးကြသည်။ ထိုနောက် နှုတ်ဆက်စကားဆိုရင်း ရတနာပုံဟော်တယ်သို့ ထွက်လာခဲ့ကြသည်။

ရတနာပုံတွင် ပစ္စည်းပစ္စယများထားကာ ကျောက်ဖြူမြို့တပတ်လှည့်ကြသည်။ ထွေထူးဘာမျှပြောစရာမရှိလှပေ။ မြို့အဝင် လမ်းတလျှောက် ကမ်းခြေဖြစ်နေသော်လည်း ရေနက်၍ ပင်လယ်ကမ်းစပ်အဖြစ်သာရှိနေသည်။ ကျောက်ဖြူမြို့သည် မြို့ တွင်းလမ်းကျဉ်းကျဉ်းများကို ပိုင်ဆိုင်ထားသည်။ မြို့ပတ်ဝန်းကျင်ရှိ စီမံကိန်းတချို့ကိုဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ပါသည်။
ဆက်ပါဦးမည်။

ကျေးဇူးတင်ပါသည်။ ဆက်ပါဦးမည်  

မောင်ဘကြိုင်


လက်ချိုးရေကြည့်တော့ ဘယ်နှစ်ခေါက်မြောက်လဲ သိတော့ဖူး သေချာတာကတော့ ဆယ်ခေါက်လောက်ရှိနေပါပြီ။ ဒါပေမယ့် ပြည်နယ်ခြား မှတ်တိုင်ဆိုင်းဘုတ်အနားမှာ အမြဲအမှတ်တရပုံရိပ် ဖန်တီးဖြစ်တယ်။ အဲနေရာလေးက လွမ်းစရား)

ရှုခင်းအလှပျက်သွားမယ် မထင်မိပါဖူး ပိုပြီးကြည့်ရတာ အဆင်ပြေသွားမယ်ထင်ပါတယ်း)း)
အမှတ်တရ ကျောက်ဖြူဆိုပါတော့

 ဆိပ်ကမ်းပရော့ဂျက်နေရာ ကျောက်ဖြူမြို့အဝင်ဆိုင်းဘုတ်နားလေးမှာပါပဲ
 ဆိပ်ခံတံတား အမာခံ ကွန်ဂရစ်လောင်းဖို့ တဲ့
ရခိုင်ချိန်ခွင်

ဆက်ဦးမည်....


12 comments:

Angelhlaing(May everybody be happy and healthy! said...

ကမ္ဘာပတ်ရတာထက် မြန်မာကိုပဲ နှံအောင် ပတ်နိုင်ရင် တော်ပါပြီအကိုရာ.... အားကျတယ် အကိုရေ...:)

စိတ်၏ဖြေရာ said...

ရခိုင်ကိုငပလီကလွဲလို့တခြားမြို့တွေမရောက်ဖူးဘူး၊
ကိုဘကြိုင်ကြီး၁၀ခေါက်လောက်ရောက်တယ်ဆိုတော့
ကံကောင်းတာပေါ့။ဆက်ဖတ်ဖို့စောင့်နေပါတယ်။

စိတ်၏ဖြေရာ said...

ရခိုင်ကိုငပလီကလွဲလို့တခြားမြို့တွေမရောက်ဖူးဘူး၊
ကိုဘကြိုင်ကြီး၁၀ခေါက်လောက်ရောက်တယ်ဆိုတော့
ကံကောင်းတာပေါ့။ဆက်ဖတ်ဖို့စောင့်နေပါတယ်။

ဟန်ကြည် said...

ကိုဘကြိုင်တစ်ယောက်တောင် ဗာရာဏသီရောက်ခဲ့သကိုး...ဗိမ္မိသာရနဲ့များ မတွေ့ခဲ့ဘူးလား...သံတွဲကိုတော့ ငပလီသွားရင်း ရောက်ဖူးပေမယ့် ကျန်တဲ့နေရာတွေကို မရောက်ဖြစ်တာမို့ စောင့်ဖတ်လိုက်ပါဦးမယ်...

jasmine(တောင်ကြီး) said...

မောင်ဘကြိုင်ရဲ့ကျောက်ဖြူခရီးစဉ်ခေ၏လးက ပုံတွေ
အရမ်းကိုကြည့်ကောင်းတယ်
မောင်ဘကြိုင်ကလဲ လူချောတစ်ယောက်နော်
အမကြီး jasmine

ဘိုဖြူ said...

ကျောက်ဖြူခရီး(၁)
စိတ်ဝင်စားဖို့ကောင်းတဲ့ခရီးစဉ်ပါပဲဗျာ
ပုံတွေကြည့်ရတာအဆင်ပြောလိုက်တာ
(၂)ကိုမျော်နေပါတယ်

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံထဲက ကိုဘကြိုင်ပုံကို ကြည့်ပြီး မော်ဒယ်တွေ ဘာတွေ ၀င်ပြိုင်ပါလားလို့ အကြံပေးချင်တယ်ဗျာ ...း)

ကိုရင် said...

ဆရာဘ နည်းနည်းများ ချောင်သွားသလားလို့..:D

အကုန်လုပ်ပါတော့လား..တစ်ခါလာလည်း နည်းနည်း တစ်ခါလာလည်း နည်းနည်း..ဒင်းလူလည်ကျတာ များနေပြီ..

မဒမ်ကိုး said...

မျက်မှန်ကြီးနှင့် မသီတာ အရမ်းလှပါသည်း)

မြသွေးနီ said...

ခရီးသွားနေရတဲ့အထဲ စာရေးနိုင်တာ ချီးကျူးပါသည်။ ပုံတွေက ဝေဆာလှသည်။ အကြောင်းအရာ ဗဟုသုတရသည်။ ဆက်ရန် မျှော်နေပါမည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

တောင်တန်းတောင်ထွတ်တွေ လှလိုက်တာ ကိုဘကြိုင်ရာ
ပင်လယ်နဲ့နီးပေနဲ့ ပင်လယ်ရေမျက်နှာပြင်ထက်တော့ အတော်မြင့်သားနော် သာလဲသာယာတယ်
ရခိုင်ရိုးမကို ငပလီသွားတုန်းက ဖြတ်ရတယ် ထင်တယ်. လမ်းကြမ်းလွန်းလို့ မှတ်သွားခဲ့တယ်
ခုတော့ ပြန်သွားချင်တုန်း
ဒါပေမဲ့ ဒီတစ်ခါတော့ လေယာဉ်နဲ့ သွားမယ်
ကိုဘကြိုင်ကို အားကျပီး ဓာတ်ပုံသွားရိုက်လိုက်ဦးမယ်း)

blackroze said...

မသီတာအရမ်းလှပါသည်..

ဆက်ဖတ်ဖို့စောင့်နေပါသည်..မသီတာ