ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Saturday, January 7, 2012

ကျွန်တော့်အမေ

စိမ်ထားတဲ့အဝတ်တွေကို ရေပြန်ညစ်ပြီး နေလှန်းစမြဲမို့ သေသေချာချာတိုက်ချွတ်မှုမရှိသော ကျောင်းအကျီဖြူ များမှာ အဝါရောင်ဘက်ပြောင်းလာသည်။ အထူးသဖြင့်ကော်လံနဲ့ဂျိုင်းဂွနေရာတွေမှာ ဝါကျင်ကျင်ရောင်ထွက်နေပြီ။နေလှန်းပြီးခြောက်သွားတဲ့အကျီ၊ဘောင်းဘီတွေကို ကြေးမီးပူကြီးနဲ့တိုက်ရပြန်သည်။ မီးသွေးတွေ ထည့် မီးရှိန်မြင့်ဖို့ ရပ်တောင်တစ်ချောင်းနဲ့ ခတ်ရသေးသည်။ မီးသွေးမကောင်းရင် မီးပေါက်တွေက တဖောက် ဖောက် ထပေါက်တတ်၍ အဝတ်စားတွေပေါ်မကျရလေအောင် ဂရုစိုက်ရသည်။ အပေါက်တွေဖြစ်နေတဲ့ အဝတ် စားတွေမနည်းမနောမို့ မိခင်ဖြစ်သူက အသစ်ရမည်မဟုတ်ကြောင်း ရာဇသံပေးထားသည်။ အဆော့မက်ပြီး ဘောင်းဘီဂွတွေပြဲရိလျှင် အပ်နဖားကြိုးထိုးပြီး ကိုယ့်ဟာကိုပြုပြုင်ရသည်။ အပ်ချည်အရောင်လွဲလျှင် ချုပ် ကြောင်းတွေ ဗူးပေါ်သလိုပေါ်နေတတ်သည်။


တနေ့ ကိုယ့်အဝတ်အစားကိုယ် လျှော်ဖွတ်နေရတဲ့ ဆယ်နှစ်သားကို စုတ်ပြတ်နေသည်ဟု  ကျောင်းသူကျောင်းသားတွေရှေ့မှာ လေးတန်းတာဝန်ခံအတန်းပိုင်ဆရာမက ဖိဟောက်ခဲ့သည်။ ရှက်မိတာရော မိခင်ကိုကပ်စီးနည်းဟု အပြောခံရတာရော ပေါင်းပြီးမျက် ရည်မိုးရွာသွန်းခဲ့ရသည်။ တရှုံ့ရှုံ့ရှိုက်ငိုရင်း အိမ်ပြန်လာတဲ့ သားဖြစ်သူကို အကျိုးကြောင်းစုံမေးမြန်းပြီး နေ့လည်စာထမင်းကို မိခင်ဖြစ်သူကဂရုစိုက် ခွံ့ကျွေးခဲ့သည်။ ဝမ်းမနည်းဖို့အားပေးရင်း ယောကျာ်းလေးဆိုသည်မှာ အားငယ်ဝမ်းမနည်းရဟု နားသွင်းစကားဆိုသည်။ အိမ် အလုပ်များပြီးရင် ကျောင်းသို့လာပြီး ဆရာမကိုလာတွေ့မည်ဟု ဆိုလျှက်ကျောင်းပြန်တက်ပြီး စာဂရုစိုက်သင်ဖို့ ပြောသည်။


ဒုတိယတန်းကျောင်းသူ ညီမဖြစ်သူလက်ဆွဲပြီး ကျောင်းပြန်တက်သည်။ မုန့်ဖိုးကျပ်တန်တစ်ရွက်ကို ငါးမူးစီခွဲမုန့် ဝယ်စားကြသည်။ တချက်တချက်ရှိုက်နေသေးတဲ့ အစ်ကိုဖြစ်သူကို နင်ထပ်မငိုနဲ့ဟု ညီမဖြစ်သူကမှာပြီး သူ့အ တန်းဖက်ထွက်သွားသည်။ ပြန်တွေးပြီး ရှိုက်ကောင်းတုန်း မျက်ရည်ဝဲကောင်းတုန်း အမေဖြစ်သူကျောင်းရောက် လာသည်။ သားနဲ့ယောက်ျားကို ဆရာမလိုအလိုမလိုက်နိုင် ကိုယ့်ကိုကိုယ်အားကိုးစိတ်ဖြစ်လာအောင် သူ့ အလုပ်သူလုပ်စေတာကို အားမပေးချင်အသာနေပါဟု ဆရာမကိုလက်ညိုးငေါက်ငေါက်ထိုး စကားစစ်ထိုးသွား သည်။ ၂ရက်ခန့်စကားမပြောတော့သော ဆရာမသည်နောက်ပိုင်းရက်များတွင် အလွန်လိမ္မာသောသူဟု ချီး ကျူးခဲ့သည်။ တနေ့စာမေ့သော ကျောင်းသားကို စိတ်ပါလက်ပါ ကြိမ်လုံးဖြင့်တွယ်သောအခါ ဆရာမ၏ အညိုး ကိုခပ်ငယ်ငယ်အရွယ်ကျောင်းသား နားလည်သဘောပေါက်မိသည်။ တော်သောသူဟု ရွဲ့လေသော ဆရာမကို စိတ်နာမိသည်။ (ထိုကျောင်းသားကြီးပျင်းလာသော အရွယ်တွင်ကား ကံသုံးပါးအပြစ်များအတွက် ဆရာမကို ဦးညွှတ်တောင်းပန်လေသည်။)

စာစီစာကုံးပြိုင်ပွဲတိုင်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရသည်။ ပထမဆုသည် ဆရာမအလေးထားရာ လူကြီးလူ ကောင်းများ၏ သားသမီးတစ်ယောက်ယောက် အတွက်ဖြစ်မြဲဖြစ်သည်။ ဆယ်နှစ်သားကျောင်းသားငယ်သည် တဖြည်းဖြည်းအရွယ် ရောက်လာသည်။ မိခင်၏စံပယ်ခြံကို တာဝန်ယူရသည်။ ရေလောင်းတတ်သည်။ လယ် ကွင်းတွေထဲမှာ နောက်ချီး(နွားချီး)ခြောက်တွေ ဂုံနီအိတ်ဖြင့်လိုက်ကောက်သည်။ တစ်အိတ်ပြည့်ချိန်တွင် မုန့်ဖိုး ကျပ်ငွေတစ်ဆယ်ရသည်။ ကျောင်းသို့ခြေလျင်သွားသည်။ နေ့ခင်းထမင်းစားချိန် အပြန်မိခင်၏ ဆိုင်မှ ပန်းကန် ခွက်ယောက်များကို ဆေးကြောရသည်။ မုန့်ဖိုးလပြတ်ပေးပြီး လူငှားမလိုဟုဆိုသည်။ ပွဲဈေးလိုက်ရောင်းရင် ခေါ်သွားသည်။ ရှက်တတ်သဖြင့် သားငယ်ကိုမိခင်မှ ဆိုင်နောက်ဖေးသန့်ရှင်းရေး တာဝန်ပေးသည်။ အချိန်ကျ ရင် မုန့်ဖိုးပေးသည်။ မုန့်မဝယ်စားဖြစ်သော ပွဲတော်ညသည် လောင်းကစားဝိုင်းဘက် ခြေဦးလှည့်မိသော ကြောင့်ဖြစ်သည်။ မုန့်ဖိုးကုန်ကြောင်းသိသော မိခင်သည် ဗိုက်ဝခြင်းနှင့် လောင်းကစားတခုခုရွေးဟု ဆိုပြန် သည်။

လောဘကြောင့် မုန့်မစားဖြစ်မည်ကြောက်မိသော ကျောင်းသားသည် လောင်းကစားဝိုင်းဘက် ခြေဦး မလှည့်ဖြစ်တော့ပေ။ နွေကျောင်းပိတ်ရက်များတွင် အိမ်လည်ခွင့်အနည်းကျဉ်းပေးသည်။ ဘုန်းတော်ကြီး ကျောင်းတွင် ယဉ်ကျေးမှုသင်တန်းတက်စေသည်။ မိခင်သည် သားကိုယဉ်ယဉ်ကျေးကျေး ဖြစ်စေချင်လှသည်။ အဆိုအဆဲနည်းအောင် ဆိုဆုံးမသည်။ မိဘများမျက်ကွယ်တွင် ဘဝကိုကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ ကြိုးစား ဟုဆိုသည်။
သားဖြစ်သူ ဆယ်တန်းအောင်ပြီးသောအခါ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရာနှုန်းပြည့်ပေးခဲ့သည်။ လေးလေးစားစား ဆွေးနွေးတိုင်ပင်သည်။ ကောင်း၏မကောင်း၏ အကြံညဏ်တောင်းသည်။ ကိုယ့်လမ်းကိုယ် အကောင်းဆုံးရွေး ဟုအမြဲအားပေးသည်။ 


အချုပ်အချယ်ကင်းစေသည်။ အဝေးရောက်ချိန်များတွင် အဆက်သွယ်အမြဲလုပ်ဖို့ ဆိုသည်။ အဆက်သွယ်မလုပ်မိပဲ ကြာသွားလျှင် ငိုသံများနှင့် သားဖြစ်သူကိုလွမ်းကြောင်းဆိုသည်။ အနီးနား အမြန်ပြန်လာဖို့ပြောသည်။ အနွေးထွေးဆုံးတင်းတိမ်ရောင့်ရဲစွာ တည်ဆောက်ဖို့ဆိုသည်။ သား ဖြစ်သူ အသက်သုံးဆယ်နားနီးသည်အထိ အရိပ်တကြည့်ကြည့် အဝေးရောက်လျှင် တမေးမေးရှိချေသည်။
ပြာသိုလပြည့်နေ့ အမေနေ့အမှတ်တရ အမေ့ကျေးဇူးဂုဏ်အား သက်ထက်ဆုံးလေးမြတ်ထားရင်း..........


လပြာသို နှင်းစိုစို
ကလေးငို အူဝဲအူဝဲ
နို့ချိုရည် စီးဆဲစီးဆဲ
ရင်သွေးငယ် ဖြူဖြူမည်းမည်း
အမေ့မေတ္တာ ဖြူစင်မြဲ
နွေးထွေးကြင်နာ ချစ်ခင်ယုယ
ဒီလူ့ဘောင်မှ အမေများဂုဏ်
လင်းလက်စုံ တူညီမျှမျှ
မေတ္တာပန်းလှ ပွင့်လန်းပါ့

အမေ့ရင်ခွင်အရိပ်ရှိရာ ရန်ကုန်မြို့ကြီးကို ၈ . ၁ . ၂၀၁၂ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး အမေ့လက်ရာ ဟင်းပဒေသာများနှင့် တလတိတိ အတူရှိနေပါမည်။ လုပ်ငန်းလိုအပ်ချက် သင်တန်းတစ်လအတွက် ရန်ကုန်မြို့တွင် စာရေးစာဖတ်တလတိတိ ရှိနေမည်ဖြစ်သည်။ စာရေးစာဖတ်အချိန်များအတွက် မိမိကိုယ်ပိုင် အားလပ်ချိန်လေးများ ဖဲ့ပေးရမည်ဖြစ်ပါသောကြောင့် ဘလော့ရွာထဲမှာ အိမ်လည်ကျဲသွားမည်ဖြစ်ပါကြောင်း သတင်းပါးရင်း မောင်ဘကြိုင်ပျောက်နေသော အချိန်ကြာသောအခါဝယ် မောင်ဘကြိုင်ကို မိန်းမခိုးသွားသည် ဟု ထင်ယောင်ထင်မှား မရှိကြစေဖို့ရာ အသိပေးခွင့်တိုင်ကြားသွားပါသည် ဘလော့ရွာသူရွာသားအပေါင်းတို့

စကမ်ဖတ်ပြီးသား အမေ့ပုံမရှိလို့တင်ဖြစ်တော့ဖူး နက်ဖြန်ရန်ကုန်ဆင်းပါမည်။း)

ပုံ
မောင်ဘကြိုင်

21 comments:

Anonymous said...

Very Good Post. Bravo.......

လွင်ပြင်လှိုင်းငယ် said...

ကောင်းလိုက်တဲ့ ပို့စ်
အားပေးလျက်ပါ

မောင်ဘုန်း said...

အရမ်း ကောင်းတယ်ဗျာ ... ကဗျာ လေးလည်း အ၇မ်း မိုက်တယ် တယ် ...

AH said...

ကျေးဇူးကြီးလှတဲ့ မိခင်ပါပဲခင်ဗျာ... ကောင်းလိုက်တဲ့ပိုစ့်လေး ကိုဘကြိုင်ရေ... အမှီအခိုကင်းအောင် သွန်သင်ဆုံးမတာ အရမ်းကို အားကျဖို့ကောင်းလှတယ်။

jasmine(တောင်ကြီး) said...

ချဉ်ပေါင်ရွက်ရေ
ကောင်းတဲ့သိလား
ကဗျာလေးပိုကောင်းတယ်

Angelhlaing(May everybody be happy and healthy! said...

အမေနဲ့ တစ်လတိတိတောင် နေမှာဆိုတော့ ဝမ်းသာစရာ သတင်းကောင်းပါလားအကိုရေ.. အားကျတယ်ဗျို့.... ညီမလေးတို့တော့ ဝေးနေ လွမ်းနေရဆဲပါပဲ...အကိုရေ...

Anonymous said...

အော်..မိန်းမခိုးသွားပြီ
ထင်ရမယ်လား.အော်း))
အမေချစ်တဲ့သားကြီးပေါ့
လိမ္မာလိုက်တာ...
တစ်လလည်းပြည့်ရော
ဝိတ်တွေလည်း.တက်လာအုံးမှာပေါ့း)

ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
လေးစားလျှက်
မိစံ

ကိုဇော် said...

သာဓု သာဓု သာဓု . . .
မိခင်ကို သတိရနေတာ ကောင်းမွန်ခြင်းပါပဲ။

မိန်းမခိုးသွားတယ်လို့တော့ မထင်ပါဘူး။ ဖြစ်နိုင်စရာမှ မရှိဖဲလေ။

နွေတေးရှင်(မင်းဧရာ) said...

အကိုဘကြိုင်...
ကိုဇော် ပြောသလိုပဲ ကျွန်တော်ပြောခဲ့လိုက်တယ်းးp

ပို့စ် လေးကိုဖတ်မိတော့ ငယ်ဘ၀ လေးကိုပြန်သတိရမိတယ်ဗျာ။

မောင်(စွယ်စုံကျမ်း) said...

လူကြီးမင်းနာမည်ကို င်္တဂ်ထားတယ်နော်လာကြည့်အုံး

ကိုကိုမောင်(ပန်းရနံ့) said...

မိန်းမခိုးသွားတယ်လို့ ထင်မှာ ကြောက်နေသေးတယ်။ ဘယ်သူမှ မထင်ဘူး စိတ်ချ။ လေဘဲ ရှိပြီး လက်တွေ့မှာတော့ နှာ့အတိုင်းဘဲကိုးးး။း)

ဟန်ကြည် said...

ကိုဘကြိုင်ရေ...
ကိုယ်ကိုယ်တိုင်က အမေကိုချစ်သောသားဖြစ်နေလို့လားမသိဘူး...အမေတွေအကြောင်းရေးထားတဲ့ ပို့စ်တွေဖတ်မိတိုင်း ညံ့ညံ့သက်သက်ခံစားရတယ်...

အမေကိုချစ်သော အမေ့စကားကိုနားထောင်သော သားသမီးတိုင်းကို လေးစားတာမို့ ကိုဘကြိုင်ကိုလည်း ဦးဟန်ကြည်လေးစားသောလူစားစာရင်းထဲမှာ စာရင်းတို့ထားလိုက်ပြီဗျား...

ဘိုဖြူ said...

ကိုယ်တိုင်အမေချစ်တဲ့သူမို့ ဒီလိုအရေးအသားတွေကိုမခံစားနိုင်ပါဘူး
ရင်သွေးငယ် ဖြူဖြူမည်းမည်း
အမေ့မေတ္တာ ဖြူစင်မြဲ
နွေးထွေးကြင်နာ ချစ်ခင်ယုယ
ဒီလူ့ဘောင်မှ အမေများဂုဏ်
လင်းလက်စုံ တူညီမျှမျှ
မေတ္တာပန်းလှ ပွင့်လန်းပါ့------
ကောင်းလိုက်တာဗျာ-----အမေကိုလဲလွမ်းမိပါရဲ့

အဖြူရောင်နတ်သမီး said...

အမေပို့စ်လေး ဖတ်သွားပါသည်။ (အရမ်းကောင်းပါသည်။)

မိန်းမ ခဏခဏခိုးနေတာ.. မသိရင်ခက်မယ်..း)
သူ အဲလိုပဲ ပျောက်ပေါင်းမနည်းတော့ဘူး..

Mae Coe said...

a great post :)

blackroze said...

အမလေး..စိတ်ချ
တခြားအကြောင်းသာထင်ရင်ထင်မယ်
မိန်းမခိုးသွားတယ်လို့တော့
ဘယ်တော့မှမထင်ဘူး..
စိတ်ကိုရဲရဲကြီးချလိုက်စမ်းပါ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ပိုစ့်လေးဖတ်ပြီး အဝေးက အမေကို သတိတရ လွမ်းဆွတ်မိသွားတယ်
ခု.. မကြာခဏ သတိရနေမိတာ..
အမေနဲ့ ငယ်ငယ်က အကြောင်းတွေ ပြန်တွေးပြီး ပိုပိုသတိရမိတယ်။
မိဘမေတ္တာဆိုတာ ဘယ်ခါမှ မညှိုးနွမ်းတဲ့ ပန်းလိုပါဘဲနော်။။
တန်ဖိုးထားကြပါစို့..

နှင်းနုလွင် said...

မိခင်တိုင်း ပျော်ရွှင်ကျန်းမာကြပါစေ....။

မဒမ်ကိုး said...

အကိုဂျီးရေ ပိုစ့်ကမတက်ဖူး ခုမှလာဖတ်ရတယ်း(

အမေကိုလွမ်းဆွတ်တတိရတွားတီး)

ညီမငယ်

မဒိုးကန်

mstint said...

သားလိမ္မာတစ်ယောက်ရယ်လို့ ခံစားမိတယ်
မောင်ဘကြိုင်ရေ။ မိခင်ကိုချစ်တဲ့သားမို့
မိခင်ဖြစ်သူအတွက် ဝမ်းသာပီတိဖြစ်မိတယ်။
ကဗျာကောင်းလေးတစ်ပုဒ်ဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

မိဘကို ဦးထိပ်ထားတဲ့ ကိုဘကြိုင် အများကြီး အောင်မြင်ဦးမှာ ယုံကြည်ပါတယ်...
အသက်ကြီးလေ စားရခဲလေ အမေ့လက်ရာတွေကို များများလေးသာ စားပေရော့ဗျို့.. ဘာလို့မှန်းမသိဘူး အမေ့လက်ရာက အသက်ကြီးလေ အရသာ ပိုရှိလာလေပဲနော..