ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Saturday, January 14, 2012

ဆုံဆည်းခွင့်





ထပ်တူထပ်မျှ လွမ်းကြတယ်ဆိုရင်
အချစ်ဆိုတဲ့ ခေါင်းစဉ်ကိုဆွဲတပ်ကြစို့
အေးတူပူမျှ ဖေးကူမရင်း
လမ်းအတူလျှောက်လှမ်းဖို့
နွေးနွေးထွေးထွေး ကမ်းလက်လှမ်းခဲ့ပါတယ်

လာကွယ်ကြာတယ် တွေဝေမနေပါနဲ့
ဟောဒီလူရင်ခွင်မှာ ခိုကိုးနားလှည့်တော့...

ကိုယ်စီနားလည်ရမယ့် အချစ်ကအဖြူရောင်
ဆုံဆည်းခွင့်ဆိုတာ ခေါင်းတညိမ့်စာမို့
အတွက်ချက်လောင်းကြေးထပ်နေမယ့်အစား
အပြစ်အနာဆာတွေကို စာရင်းမထည့်ပဲ
အရာရာတန်းတူတရား စိတ်ထဲထားရင်း
သက္ကရာဇ်ခုနှစ်တွေကိုဖြတ်ကျော်
ဆံဖြူဖြူ သွားကျိုးကျိုး အပြုံးတွေမညိုးပဲ
တစ်ဦးစိတ် တစ်ဦးနားလည် ခက်တာမှတ်လို့ကွယ်........




မောင်ဘကြိုင်

14 comments:

Candy said...

ဆုံဆည်းခွင့်ဆိုလို့ လူပျိုကြီးမောင်ဘကြိုင်တယောက် အိမ်ထောင်များ ပြုတော့မလားလို့ အဟိဟိ

ကဗျာလေးက တိုတယ်.. ရှင်းတယ်.. ဒါပေမယ့် အနှစ်သာရအပြည့်ရှိတယ်.. ကြိုက်တယ် :D

မဒမ်ကိုး said...

အဟမ်း အဟမ်း အဟမ်း
ငါတို့ကိုကြီး ဘာဒွေဖစ်နေဘီတုန်း
သေချာတာတော့ သေချာနေဘီ
သေချာနေပါဘီ ဟုတ်နေပါဘီ
ရှုးဝါးနေပါဘီ ဒက်ထိမှန်နေပါဘီး)

ဒယ်အိုးကန်

မောင်ဘုန်း said...

လူပျိုကြီး မို့  မမူ ပါနဲ့  နှမငယ်
တူတူ တန်တန် မူယာ လျှော့ ကာပ
ခေါင်းညိမ့် ကာ ဟန်ပြင်

နှစ် သုံးဆယ် ကျော် စုကာ ထားတဲ့
ဒီလူပျို ချစ် ရင်ခွင် ကို
စုံလုံး မှိတ်ကာ ပြေးဝင် လှဲ့ တော့ နှမငယ် .....

မှတ်ချက် မျက်လုံး ပိတ်ထားပါ .... အဟီးးးးးး

Angelhlaing(May everybody be happy and healthy! said...

အကိုတစ်ယောက်တော့... ဟုတ်နေပြီ ထင်ပါတယ် .:P:P:P

ကိုရင် said...

အိုး... စဒက်ညား..
ဆာယာ ဘားညဆူက ပွမ်နီး..။
တူးလောင်း မာရီတိန်ငေါ့ ဂန်ဘာ ကဂျပ် အဘမ်း..!ဆာယာပုံညလင့် တီဒတ်နိုက် အသိုက်စ်.. :D

မောင်(စွယ်စုံကျမ်း) said...

အိမ်း တစ်ခုခုတော့ တစ်ခုခုပဲ ဘာတဲ့..( ဟောဒီလူရင်ခွင်မှာ ခိုကိုးနားလှည့်တော့... ) ဟုတ်တော့ ဟုတ်နေပါပြီ ကိုကြီးဘကြိုင်...ဘလော့ပေါ်မှာမဂ်လာ စကားပြောပေးမယ်နော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများတွေ ပြောသလိုပါဘဲ
ကိုဘကြိုင်တစ်ယောက် နုနေတယ်နော်..
တစ်ခုခုတော့ တစ်ခုခုဘဲး)
သတင်းကောင်းလေး မျှော်လင့်နေပါတယ်

နေ၀သန် said...

ကဲ.. ဆုံစည်းခွင့်ရစေသား... :D..

ခင်မင်လျက်
နေ၀သန်

မိုးငွေ့...... said...

အမြန်နီးချင်ပီကွယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား...း) အစစအရာရာအဆင်ပြေပါစေဗျာ..။

mstint said...

ဆုံဆည်းခွင့်လေး အမြန်ဆုံး အကောင်အထည်
ဖော်နိုင်ပါစေ မောင်ဘကြိုင်ရေ။
ဆုံဆည်းပြီးရင်လည်း နှစ်ယောက်သားနားလည်မှုရှိဘို့
အရေးကြီးတယ်နော်။ ဆရာလုပ်တာမဟုတ်ပါ။
အတွေ့အကြုံအရ စေတနာနဲ့လောကွတ်လုပ်လိုက်တား))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

jasmine(တောင်ကြီး) said...

ဆံဖြူဖြူ သွားကျိုးကျိုး အပြုံးတွေမညိုးပဲ
တစ်ဦးစိတ် တစ်ဦးနားလည် ခက်တာမှတ်လို့ကွယ်---------
ဒါဆိုရင်တော့ လူပျိုကြီးဖြစ်တော့မယ်ပုံပဲ

ကိုကိုမောင်(ပန်းရနံ့) said...

လာကွယ်ကြာတယ် တွေဝေမနေပါနဲ့
ဟောဒီလူရင်ခွင်မှာ ခိုကိုးနားလှည့်တော့...


ကြမ်းလှချည်လား မောင်ဘကြိုင်။ လူပျိုသိုးကြီးလို့ မပြောရဘူး။ တုံးတိုက်တိုက် ကြားကိုက်ကိုက် ဆိုတဲ့ သဘော။း)

ဟန်ကြည် said...

တပြုံကြီးချစ်မယ့် ကိုဘကြိုင်တစ်ယောက်
ဆုံဆည်းခွင့်ကို အလိုမကျထိုင်စောင့်ရင်း
တုန်ပြီးဟစ်လိုက်တဲ့ ပေါက်ကွဲသံစဉ်ကို
နားဝင်ပီယံရှိရှိ ခံစားသွားပါကြောင်းဗျား...

အေးလေ...
ဆောင်းမကျွတ်ခင် တို့ကိုဘကြိုင်တစ်ယောက်လည်း စောင်တစ်ထည်လောက်တော့ အမြန်လိုချင်ရှာပေမပေါ့း)

မြသွေးနီ said...

ကိုဘကြိုင်တစ်ယောက်..
ဟုတ်တော့ဟုတ်နေပြီ ထင်တယ်... :)
Anyhow, အစစ အဆင်ပြေပါစေရှင်...။