ချဉ်ပေါင်ခြံမှ ကြိုဆိုပါ၏

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်ပါသဖြင့် စည်းကမ်းရှိအောင် မိမိကိုယ်မိမိလေ့ကျင့် ပျိုးထောင်ရမည်



Monday, January 23, 2012

ရန်ကုန်မြို့



မျှော်လင့်ချက်တွေပြည့်ကြပ်နေတဲ့မြို့
အနီရောင်သွေးသမိုင်းတွေနဲ့ အထင်ကရမြို့
အဆိပ်ငွေ့တွေလွှမ်းခြုံလာတဲ့မြို့
ပြိုင်ကားတွေအပြိုင်ဆိုင်မောင်းတဲ့မြို့
ယဉ်ကျေးမှုပါးလွှာစပြုလာတဲ့မြို့
ဘာသာရေးရွှေရောင်လွှမ်းတဲ့မြို့
လူဝင်လူထွက်များတဲ့မြို့
ဆင်းရဲသားများတဲ့မြို့
ရေညှိတွေနဲ့ အရောင်မွဲမွဲတက္ကသိုလ်တွေတစ္ဆေခြောက်နေတဲ့မြို့
ညဉ့်မနက်ခင် discoမီးစဆိုက်တွေလင်းစပြုနေတဲ့မြို့
ဘဝခါးခါးတွေ အတင်းရှုရှိုက်နေရတဲ့မြို့
လူငယ်တွေလမ်းပျောက်နေတဲ့မြို့
အပြောင်းအလဲတွေနဲ့ ရှေ့ဆက်သွားနေတဲ့မြို့




မောင်ဘကြိုင်

22 comments:

ဘိုဖြူ said...

အဲဒီမြို့ လိမ်ညာမှုတွေလဲများတယ်ညီရေ
မောင်ဘကြိုင်ညီလေးရေ
အဲတာကိုကဗျာပေါ်အောင်ရေးတတ်တာ
ညီတော်လို့ပဲနော်
ခင်တဲ့ဘိုဖြူ

Aung Htut said...

ရှေ့ဆက်လျှောက်ကြတာပေါ့ဗျာ..... မျှော်လင့်ရင်း၊ စောင့်မျှော်ရင်း ကမ်းလင့်လက်တွေကို တူတူတွဲဖို့......

Myanmar Online Music said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...

blackroze said...

အဲဒီမြို့ကြီးမြန်မြန်တိုးတက်ပါစေလို့
ဆုတောင်းတယ်ကိုဘကြိုင်ရေ..

မိစံ said...

ဒါမှ..ရန်ကုန်ကွး)

မိုးငွေ့...... said...

ရန်ကုန်ဆိုပေမယ့် ရန်များနေတဲ့မြို့...။

Angelhlaing(May everybody be happy and healthy! said...
This comment has been removed by the author.
Angelhlaing(May everybody be happy and healthy! said...

အဲဒီမြို့လေး အစဉ်အမြဲ တိုးတက်ဖွံဖြိုး ဖို့အစဉ်ထာဝရ ဆန္ဒပြုလျှက်ပါအကို..

jasmine(တောင်ကြီး) said...

အဲဒီမြို့လေးငြိမ်းချမ်းပါစေ
မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ

mstint said...

တစ်ချိန်တုန်းကစည်ကားလှတဲ့မြို့တော်လေး
အခုတော့အနတ္တသဘောဆောင်ပြီး
အရာရာပြောင်းလဲနေပါပေါ့လားနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အဲဒီမြို့ ကပြန်ခဲ့တယ် ပြောရအုန်းမယ် ကိုဘကြိုင်ရေ


ခင်တဲ့
ရွှေစင်ဦး

လွင်ပြင်လှိုင်းငယ် said...

မြို့လေးအေးချမ်းပါစေ

နေ၀သန် said...

ရန်ကုန်မြို့မှာပျော်တယ်..း))

ခင်မင်လျက်
နေ၀သန်

မြစ်ကျိုးအင်း said...

နောက်ထပ်ဆက်ရေးမယ်ဆို ဂုဏ်ပုဒ်တွေက အများကြီး ကျန်သေးတယ်။ ဒါပေမယ့် သွေးညှီနံ့တွေနဲ့ ဒုက္ခချုပ်ရိုးတွေ တင်းကျမ်းပြည့်ခဲ့တာ ဝမ်းနည်းဖို့ကောင်းလွန်းတယ်။

မဒမ်ကိုး said...

ဘတ်စ်စကားတွေကြပ်တဲ့မြို့
ယိမ်းနွဲ့ပါးတွေများတဲ့မြို့
အီးယောင်ဝါးတွေများတဲ့မြို့း)

အကိုဂျီးကိုချဉ်ပေါင် ..ကျနော့်ကိုခဲနဲ့ထုခံရရင် အကိုနော်း)

ခင်တဲ့

မဒိုးကန်

ဟန်ကြည် said...

ဘတ်စ်ကားမစီးတတ်တဲ့ တောသားအတွက် တက်ခ်စီခ ဈေးကြီးတဲ့မြို့...
တိရစ္ဆာန်ဥယျာဉ်က အိမ်သာတွေ ညစ်ပတ်တဲ့ မြို့...
ဒါပေမယ့်...
ကားဂိတ်နားက ထမင်းကြော်ဆိုင်လေးမှာ ထမင်းစားရတာ ဈေးသက်သာပြီး မြိန်တဲ့မြို့...
ပန်းဆိုးတန်းလမ်းမှာ ရတနာတွေ ပုံရောင်းနေတဲ့ မြို့...
ကွမ်းယာလေးတွေ သေးတဲ့မြို့...


ဆရာရောက်တုန်းကတော့ ဒါတွေပဲ တွေ့ခဲ့လို့ ဖြည့်ရေးလိုက်တယ်း)

လွင်ပြင်လှိုင်းငယ် said...

http://lwinpyinhlaingngenge.blogspot.com/ လင့်အသစ်လေးပြန်ချိတ်ပြန်ချိတ်ပေးပါနော်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

အမှန်တရားတွေကို ချပြသွားတာ သဘောကျမိတယ်။

ခင်လျက်
မြတ်

ချမ်းလင်းနေ said...

ထိုမြို့လေးကိုတော့ သံယောဇဉ် ရှိတယ်ဗျာ....။

ရှဲဒိုး said...

အကို ကျွန်ကူသွားတယ် ကျွန်တော့် FB မှာလည်း share ထားတယ်။ ကျေး

လွင်ပြင်လှိုင်းငယ် said...

cboxမတွေ့လို့ ဒီမှာပဲ လင့်အသစ်လေးထားခဲ့ပါရစေပါ
http://sabailwinpyin.blogspot.com/

နွေတေးရှင် (မင်းဧရာ) said...

အဲဒီမြို့ ကို...
ရန်ကုန်ဟု ခေါ်ပါသည်းးးD။