နိုင်ငံအရေး လူမျိုးအရေးဆိုတာ လူတိုင်းနဲ့ကင်းတဲ့ အရေးမဟုတ်ပေ။ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ် ပြီးမဆိုင်သလို နေလို့မရတော့ အမျိုးဘာသာသာသနာ အရေးကိုတွေးရင်ပူ မိပြန်သည်။ လက်ရှိလူတိုင်းရင် ထဲမှာ စိုးရိမ်သောကပွားနေသလို မောင်ဘကြိုင်လည်း ခံစားပူပန်မိပါ၏။ ရခိုင်ပြည်နယ်တွင် ဖြစ်ခဲ့တဲ့အဖြစ် ပျက်များသည် ကျွန်တော်တို့တမျိုးသားလုံး အတွက်ရင်ထိတ်စရာ ဖြစ်ခဲ့ပြီးအဖြစ်ပျက်ပေါ် သင်ခန်းစာယူပြီး ရင်ပြင်သင့်တာပြင် ပြုသင့်တာပြုဖို့ အလေးထားဆွေးနွေး ရမယ့်အခြေနေတွေ ဖြစ်လာပါသည်။
လူမျိုးခြားတွေ ကိုယ့်ရေမြေထဲ ဝင်ရောက်နေရာယူပြီး အဓိကရုဏ်းတွေ ဖြစ်လာကာမှ အစဖေါ်ထုတ်အပြစ် တင်လက်ညိုးထိုးပြီး စကားလုံးတိုက်ပွဲတွေ၊ အယူဆတိုက်ပွဲတွေ၊ လူမျိုးရေးတိုက်ပွဲတွေ ပြုနေတာထက် ဖြစ် ရခြင်းအကြောင်းရင်း အကျိုးပြစ်တွေကို သုံးသပ်ပြီးမြန်မာ နိုင်ငံသားအားလုံး ပြုပြင်ပြင်ဆင်မှုတွေ ပြုကြဖို့လို အပ်လာပါသည်။ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ ကိုယ့်ရေမြေကိုယ့်ဒေသကို မြတ်နိုးကာကွယ်မှုပြုဖို့ စ ကားလုံးတွေ အသံတွေထက် ကိုယ်ပိုင်ခံယူချက်တွေ လိုအပ်လှပါတယ်။ မိမိကျရာအခန်း ကဏ္ဍမှာတာဝန် ကိုယ်စီကျေပွန်အောင် ထမ်းဆောင်ရင်းတိုင်းပြည်နဲ့ လူမျိုးအကျိုးကို တက်နိုင်ဆုံးသယ်ပိုး နိုင်ရပါမယ်။
ရခိုင်ပြည်နယ်အရေး ပေါ်ကာမှဟောဆိုပြီး အသံတွေတစီစီထွက် လာကြပြီးကိုယ်ညီဖွား တိုင်းရားသားတို့ အိုးအိမ်တွေဆုံးရှုံး သေကြေတဲ့အဖြစ်တွေ ဖြစ်ပေါ်လာမှ ပေါ်ထွက်လာတဲ့ မျိုးချစ်စိတ်ထက် အမြဲတမ်းရှိနေ ရမယ့် မျိုးချစ်စိတ်နဲ့ ခံယူချက်တွေက ပိုအရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်အတွက်ရော ကချင်ပြည်နယ် အတွက်ရော၊ ရှမ်းပြည်နယ်အတွက်ရော ထိုအပြင်နိုင်ငံနယ်နမိတ်ချင်း ထိစပ်နေတဲ့ပြည်နယ်တွေ ပြည်တွင်း မှာလူမျိုးဘာသာ လွှမ်းမိုးမှုတွေအတွက်ပါ ကိုယ်စီကိုယ်စီ သတိထားအသိတရားနဲ့ ပြုမှုထိန်းသိမ်းနိုင်ရပါ လိမ့်မယ်။ ဘင်္ဂါလီတွေဝင်ရောက် နေရာယူကြီးစိုးမှု တရုတ်လူမျိုးတွေ ဝင်ရောက်ကြီးစိုးမှု စတဲ့အရေးတွေ အတွက်ပါ သတိထားကြရလိမ့်မယ်။
ဘင်္ဂါလီတွေနေရာယူမှုနဲ့ တရုတ်လူမျိုးတွေ နေရာယူမှုချင်း မတူညီကြပါဖူး။ အပေါ်စီးကငွေအား စီးပွားအား နဲ့နေရာယူနည်း အတင်းခိုးဝင်နေထိုင်နည်းတော့ ကွာလှပါတယ်။ ကျွန်တော်တို့မြန်မာတွေ အဖက်ဖက်က အားနည်းလို့ ဟပေးလိုက်ရတဲ့ အခြေအနေတွေ ပြောစရာများခဲ့တယ်။ ကမ္ဘာနဲ့ချီပြီး ဗုဒဘာသာအထွန်း ကားဆုံးနိုင်ငံ ဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ကိုးကွယ်ရာ ဘာသာသာသနာကို အားကျိုးမာန်တက် ကာ ကွယ်မှုပြုဖို့ အစီစဉ်မရှိတာတွေ၊ ဆန်းသစ်မှုမရှိတာတွေ ဘာသိဘာသာနေမှုတွေ ကြောင့်အစစအရာရာ မှာနောက်ကောက်ကျခဲ့ပါတယ်။
နိုင်ငံအခြေအနေနဲ့ ခြစားလူတန်းစားတွေ ကြီးစိုးနေတဲ့အခါကာလမှာ လူမျိုးရေးဘာသာရေး လွှမ်းမိုးမှုတွေ ကြုံခဲ့ဖြစ်ခဲ့ပြီး ဆုံးရှုံးမှုတွေများခဲ့ရပါတယ်။ ဘာသာခြားတွေကို ပုတ်ခတ်အပြစ်ပြော စရာတွေမလုပ်ချင်ပေ မယ့် ဘာသာခြားတွေမှာ အားကျစရာ တုပစရာတွေကိုတော့ ရှိတာအမှန်ပါ။ ဘာသာခြားတွေ သူတို့ဘာ သာထဲဝင်လာဖို့ စည်းရုံးလှုံဆော်သလို ကျွန်တော်တို့ဗုဒဘာသာ မလုပ်ချင်ဟုဆိုလျှင် တခြားသောဘာသာ များ၏ စည်းရုံးလှုံ့ဆော်မှုကို အကာကွယ်ပြုခြင်းနည်းတော့ ရှိသင့်ထားသင့်သည်ဟု ထင်မြင်မိပါသည်။
မြန်မာဗုဒဘာသာဝင် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ တပါးသောဘာသာဝင်များနှင့် ထိမ်းမြားလက်ထပ်ပါ က ဗုဒဘာသာမှတခြားဘာသာသို့ ကူးပြောင်းခွင့်မရှိသော ဥပေဒေမျိုး၊မြန်မာ နိုင်ငံသားတိုင်းထိမ်းမြား လက်ထပ်လျှင် တရားရုံးတွင်လက်မှတ်ထိုး ရမည့်ဥပေဒေနှင့် ထပ်ဆင့်ဘာသာကူး ပြောင်းခွင့်မရှိတားဆီး သည့် ဥပေဒေမျိုးပြဌာန်း သင့်ပါတယ်။ ထိုသို့ဆိုလေလျှင် တချို့ကလွတ်လပ်စွာ ဘာသာကူးပြောင်းခွင့် မရှိ ဒီမိုကရေစီမကျဟု ဆိုပေမည်။ ဒီမိုကရေစီကျပါသော တချို့နိုင်ငံအများကို ငဲ့စောင်းကြည့်ပါက ၄င်းတို့၏ ဘာသာရေးဥပေဒကို ဦးစားပေးကျင့်သုံး ကြသည်ကိုတွေ့ရပါလိမ့်မည်။ လူမျိုးအရေးနှင့် ဘာသာရေးတွင် ဒီမိုကရေစီကျကျ ဆိုလေလျှင် လူမျိုးရေးနှင့်ဘာသာရေး လွှမ်းမိုးမှုများကို လက်ပိုက်ကြည့်နေလော့ဟု ဆို ချင်၏
မောင်ဘကြိုင် ကြုံဆုံဖူးပါသည်။ နိုင်ငံခြားမှငွေလွှဲပို့ သောအခါတွင် တစ်ကျယ်ဆယ်ပြား ပိုမို၍ငွေလှဲလှယ် ပြီးပေးသော ဘာသာခြားတို့ပိုင် ဌာနများဆိုင်များမှ လွှဲပို့သောမြန်မာ လူမျိုးဗုဒဘာသာ ဝင်များကိုမိမိဘာ သာတူဆိုင်များဌာနများမှ လွှဲပို့ကြရန်စည်းရုံး လှုံ့ဆော်သော်လည်း ဘာသာခြားများဆီသို့သာ သွားလွှဲပို့ကြ ပါသော မြန်မာဗုဒဘာသာဝင်များကို တွေ့ဖူးပါသည်။ ကိုယ့်ငွေသားလှဲလှယ်မှု အပေါ်မှာတစ်ကျပ်ဆယ်ပြား အမြတ်ထုတ်လျော့ပေးသော မြန်မာများကောင်းစား ကြီးပွားလျှင်ဗုဒသာသနာ အတွက်အထောက်အပံ့ အနည်းဆုံးဖြစ်နိုင်ကြောင်း အလှူအတန်းများ ဖြစ်နိုင်ကြောင်း မောင်ဘကြိုင်ပြောဆို စည်းရုံးဖူးပါသည်။
ဈေးချိုသည် ဆက်ဆံရေးကောင်းသည် စသောအချက်များဖြင့် ဘာသာခြားတို့ စီးပွားရေးကို အထောက်ပံ မှုပေးကြသောအခါ ဘာသာခြားတို့ ကြီးပွားတိုးတက်ပြီး ဘာသာရေးလွှမ်းမိုးမှု များကိုခံရပေတော့သည်။ သို့ကြောင့် နိုင်ငံနှင့်လူမျိုး ဘာသာသာသနာ တိုးတက်မှုအတွက် ကိုယ်စီကိုယ်စီ၏ အပြုမှုခံယူချက်များ အထူးကောင်းမွန်ဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် တခြားသောနိုင်ငံများထက် ဘာသာရေးလွတ်လပ် ခွင့်များရှိပါသည်။ ဘာသာခြားတို့၏ ဝတ်ပြုရာဘုရားကျောင်းများ ဆောက်လုပ်ခွင့်ရှိပါသည်။ ဆိုင်ရာဆိုင် ရာနေ့မြတ်များတွင် တရားပွဲများပြုလုပ်ခွင့် ရှိပါသည်။ ဒီမိုကရေစီစနစ်ကို ဆယ်စုနှစ်ခန့်ကတည်းက စတင် ကျင့်သုံးနေသော အိမ်နီးချင်းဘာသာခြား နိုင်ငံများတွင်ထိုသို့ မရနိုင်ပါ။ မရနိုင် ရနိုင်သည်ကိုလည်း လေ့ လာမှုပြုကြပြီး မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်နေမှု များကိုရပ်တန့်ပေးကြပါ။
မိမိလူမျိုးနှင့်ဘာသာ သာသနာကို ကိုယ်စီကိုယ်စီ စည်းရုံးခွင့်၊ဆွဲဆောင်ခွင့် ကာကွယ်ခွင့်ရှိပါသဖြင့် မိမိတို့၏ ကိုယ်စီခံယူချက်ပေါ်တွင် လိုက်နာမှုပေါ်တွင်သာ မူတည်ပါသည်။
မိမိလူမျိုးနှင့်ဘာသာ သာသနာကို ကိုယ်စီကိုယ်စီ စည်းရုံးခွင့်၊ဆွဲဆောင်ခွင့် ကာကွယ်ခွင့်ရှိပါသဖြင့် မိမိတို့၏ ကိုယ်စီခံယူချက်ပေါ်တွင် လိုက်နာမှုပေါ်တွင်သာ မူတည်ပါသည်။
မြန်မာလူမျိုး ဗုဒဘာသာဝင်များသည်လည်း အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ ဆန္ဒပြုရင်း
မောင်ဘကြိုင်
၂၅.၇.၁၂
ဘယ်အကွေ့မှာ
ဘယ်အတွေ့နဲ့ ကြုံလေမလဲဆိုလေသူ
သယ်ဂျီးပြောလဲပြောချင်စရာပါ
မောင်ဘကြိုင်
ဆန်းဒေး မန်းလေးသွားပြီး မန်းဒေးတရက်နေလို့ နောက်နေ့၃၁မနက်ဖလိုက်နဲ့
စစ်ကိုင်းတိုင်းအစွန်မြို့ငယ်လေးဆီခရီနှင်ပါမယ်
ထိုထိုအရပ်မှာ အင်တာနက်ရမရမသေချာသမို့ ဘလော့ရွာကို လွမ်းနေရမယ် ထင်ပါရဲ့
ဘလော့မဂင်းပဲပျောက်နေတဲ့ ဆြာဟန့်ကိုလည်းပြောလိုက်ပါ
ဘလော့ဂါတိုဂျော်ကိုလည်းပြောလိုက်ပါ
အားလုံးကိုသတိတရရှိနေမှာဖြစ်ပါကြောင်း........
ဘလော့ဂါရွာသူရွာသားအပေါင်း ရွှင်လန်းချမ်းမြေ့ပါစေ မေတ္တာဝေရင်းးးး
ခင်မင်စွာဖြင့်
မောင်ဘကြိုင်
13 comments:
ကိုယ့်လူမျိုးနဲ့ဘာသာသာသနာအတွက်
ဝေမျှပေးတဲ့မောင်ဘကြိုင်တို့လို
အမျိုးကောင်းသားလေးတွေများများပေါ်ထွက်
နိုင်ပါစေဆက်လက်လည်းရေးသားနိုင်ပါစေ
အားပေးလျက်
ခင်တဲ့အန်တီလေးမေခင်
ကိုဘကြိုင်ရေအားပေးနေပါတယ်နော်
စောစောကကွန်မန့်ကအန်တီလေး
မေခင်ပေးသွားတာပါနော်
ဖွင့်လိုက်တာနဲ့မောင်ဘကြိုင်ရဲ့တီးလုံးလေးကို
အရမ်းသဘောကျတယ်ကြည်းတပ်ရေတပ်လေတပ်
တွေတင်မဟုတ်ပါဘလော့ဂါတပ်များပါဝိုင်းဝန်း
ကာကွယ်စောင့်ရှောက်ကြပါစို့
ခင်တဲ့အန်တီလေးမေခင်
ဖတ်သွားတယ် နော်..
နိုင်ငံနဲ့လူမျိုးကို ချစ်တတ်တဲ့ ဘလော့ဂါကြီးပေါ့။ ပိုစ့်ကောင်းလေးပါဗျာ။
ထွက်ပြန်ပြီလားခရီး။ အဲဒီအသံကြားရင် ခရီးသွားချင်တယ်။
လူမျိုး ဘာသာသာသနာအတွက် ပို့စ်ကောင်းလေး တစ်ပုဒ်ဖတ်ခွင့်ရသွားတယ်။
မောင်ဘကြိုင်မှာတဲ့အတိုင်းလမ်းမှာတွေ့ရင် ပြောပြလိုက်ပါ့မယ် စိတ်အေးအေးသာ ခရီးသွားပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တွေးတွေးပြီး ရင်လေးလာတယ် မောင်ဘကြိုင်ရေ။
တကယ့်ကိုကောင်းတဲ့ ပို့စ်ကောင်းလေးပါပဲဗျာ
မြန်မာနိုင်ငံလူမျိုး ဗုဒဘာသာများသည်လည်း အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ ဆန္ဒပြုရင်း
ကျေးဇူး ကိုဘကြိုင်
နောင်တော်ရေ ... ဗုဒ္ဓဘာသာမြန်မာအမျိုးသမီး များအတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သင့်တာ ဆယ်စုနှစ်လောက် ရှိပါပြီ ... ။
အရမ်းကောင်း တဲ့ Post လေးပါ ...။
ခင်မင်စွာဖြင့်
မောင်ဘုန်း
ပျော်ရွင်ဖွယ် ခရီးစဉ်လေး ဖြစ်ပါစေအကို ... ဘလော့ဂါတွေကလည်း အကိုကိုယ် လွမ်းနေကြမှာပါ...:))))
Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog
အခြားသော ဘာသာများနဲ့ စာလိုက်ရင် ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေက ပိုပြီးသဘောကောင်းနေတယ်။
ပြီးတော့ မြန်မာနိုင်င၏ကိုးကွယ်မှုဘာသာသည် ဗုဒ္ဓဘာသာဖြစ်သည်ဆိုတဲ့ ဥပဒေပရှိဘူး။ နောက်ပြီး ပညာရေးစနစ်မှာ လူတိုင်းသင်ယူနိုင်သည့် ခေတ်မှီတိုးတက်သော ဗုဒ္ဓစာပေတွေနဲ့ ဘာသာတရားဆိုင်ရာများကို အစိုးရကျောင်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ပြဌာန်မထားဘူး....။
ကုန်ကုန်ပြောရရင် အခြားဗ္ဓုဘာသာနိုင်ငံတွေလို ဆန်းဒေးစကူးလေးတောင် မဖွင့်ပေးနိုင်တာဟာ အားနဲ့ချက်တစ်ခုဖြစ်မှာပါ....
Post a Comment